| comments



အလုပ်သမားမှတ်ပုံတင်ပြုလုပ်မည့်အကြောင်း ပိုစတာ ကပ်ပိန်း

| comments



ALC မှ အလုပ်သမားမှတ်ပုံတင်ပြုလုပ်မည့်အကြောင်း ဆွေးနွေးဟောပြော

| comments





တရားဝင်နေထိုင်ရန်နှင့် လွတ်လပ်စွာသွားလာခွင့်၊ ဥပဒေအရကာကွယ်စောင့်ရှောက်မှုရရှိရန်အတွက် ရည် ရွယ်ပီး 2011 ခုနှစ် နိုင်ငံခြားသားအလုပ်သမားများ မှတ်ပုံတင်ခြင်းနှင့်ပတ်သတ်၍ 11/6/2011 နေ့ က ACR စက်ချုပ်ရုံမှ ရခိုင်အလုပ်သမားများနှင့် တခြားသော မြန်မာရွှေ့ ပြောင်းအလုပ်သမားကြားတွင် ALC မှ "ကိုအောင်အောင်"က ဦးဆောင်ပြီးပြုလုပ်ခဲ့ပါသည်။ ထိုစကားဝိုင်းပုံစံများကို ဇူလိုင်လ 14 ရက်နေထိ ဆက်လက်ပြီး လုပ်ဆောင်သွားမည်ဖြစ်သည်။ ၄င်းအပြင် မဲဆောက်ဒေသများတွင် သွားရောက်ပြီး IOM - FED အဖွဲ့ များနှင့် ပူးပေါင်းပြီး စာစောင်များဖြန့် ဝေခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်းများကို လုပ်ဆောင်လျှက်ရှိသည်။

ထိုင်းသို့  မြန်မာအလုပ်သမားဝင်ရောက်လာသည့်ပုံစံတမျိုး

| comments

အခွင့်အရေးဆိုင်ရာ ဥပဒေများ

| comments

ALC အကြောင်း

| comments

ALC's Report for 2011

အာဠာဝက သခင်ဘိုးလှကြီး

| comments

အာဠာဝက သခင်ဘိုးလှကြီး

၁၃ဝဝ ပြည့်အရေးတော်ပုံ (၁၉၃၈-၃၉)သည် မြန်မာ့လူ့ဘောင် ၏သမိုင်းတွင် ထင်ရှားသောမှတ်တိုင်တခု အဖြစ်ဖြင့် တည်ရစ် ပေသည်။

၁၃ဝဝ ပြည့်အရေးတော်ပုံ၏ ထူးခြားသော အခြင်းအရာများ အနက် အထူးအခြားဆုံးသော အခြင်းအရာမှာ မြန်မာ့ လူ့ဘောင် သမိုင်းတွင် ပထမဆုံးအကြိမ် မာ့က်စ်ဝါဒနှင့် အလုပ်သမားလူတန်းစားတိုက်ပွဲ ပေါင်းစပ်မိခြင်းဖြစ်သည်။ မာ့က်စ်ဝါဒ၏ လက်တွေ့နှင့် သဘောတရားညီညွတ်ခြင်းကို သက်သေထူလိုက်သော အခြင်းအရာဖြစ်ပေသည်။

ထို့ကြောင့် ၁၃ဝဝ ပြည့် အရေးတော်ပုံသည် မာ့က်စ်ဝါဒကို သက်ဝင်ယုံကြည်၍ လက်တွေ့ကျင့်သုံးသော ခေါင်းဆောင်အများကို မွေးထုတ်ပေးခဲ့ပေသည်။ ၄င်းတို့အနက် ယခုအခါ ကွယ်လွန်ပြီဖြစ်၍ ထိုစဉ်က ထင်ရှားသော အာဠာဝကသခင်ဘိုးလှကြီးအကြောင်းကို ရေးသားလိုပေသည်။

သခင်ဘိုးလှကြီးသည် အလုပ်သမားလူတန်းစားကြီးမှ ပေါက်ဖွားလာသော မာ့က်စ်ဝါဒီခေါင်းဆောင် တဦးဖြစ် သည်ဟု ဆိုအပ်ပေသည်။ သူသည် ရေနံမြေ ဘီအိုစီလုပ်ငန်း၌ အနောက်နိုင်ငံအခေါ်အားဖြင့် ကော်လာဖြူ အလုပ်သမား၊ မြန်မာအခေါ်အားဖြင့် စာရေးကလေး၊ အလုပ်သမားသမဂ္ဂအသုံးအနှုံးဖြင့် ရုံးအလုပ် သမားတယောက်ဖြစ်ပေသည်။

ရုံးအလုပ်သမားဖြစ်ရုံသာမကသေး စက်ရုံအလုပ်သမားများ သပိတ်မှောက်သောအခါ တသွေးတသားတည်း ပါဝင်ခဲ့ပေ သည်။ သပိတ်မှောက် အလုပ်သမားများက ရေနံမြေမှ ရန်ကုန်သို့ ဆန္ဒပြချီတက်လာသောအခါ ရေနံမြေသပိတ် တပ်ကြီးကို ခေါင်းဆောင်ခဲ့ပေသည်။ အလုပ်သမားသည် တိုင်းပြည်၏ လွတ်လပ်ရေးကို အများဆုံး လိုလားသူဖြစ်ရာ သူသည် ရေနံမြေ ဒို့ဗမာအစည်းအရုံး၌ စောစွာပါဝင်ခဲ့ပြီး သခင်ခေါင်းဆောင်တဦး ဖြစ်ခဲ့လေသည်။

သူ့အား ရေနံမြေသပိတ်တပ်ကြီးကို ခေါင်းဆောင်လာသူတဦးအဖြစ်ဖြင့်လည်းကောင်း၊ အဟောအပြော၊ အဆူအပူတွင် သူမတူကောင်းသူအဖြစ်ဖြင့် လည်းကောင်း၊ တတိုင်းပြည်လုံးက သိခဲ့ကြလေသည်။ သူ၏ သဘောတရား နိုင်ငံရေးအယူအဆများကိုကား ပြည်သူလူထုက နှံ့နှံ့စပ်စပ်သိခဲ့ကြခြင်း ရှိအံ့မထင်။

သူသည် ၁၃ဝဝ ပြည့် အရေးတော်ပုံများအတွင်းက ‘သပိတ်စစ်ပွဲ’ဟူသော စာအုပ်ကိုရေးသား ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သူ၏သဘောတရား၊ နိုင်ငံရေးအယူအဆများကို တွေ့မြင်နိုင်လေသည်။ ယင်း သဘောတရား၊ နိုင်ငံရေးအယူအဆများကို ထောက်သော် မာ့က်စ်ဝါဒီတယောက်ဟု မှတ်ယူနိုင်လေသည်။

ထိုစာအုပ် စာမျက်နှာ ၄ တွင် သူတို့မျက်မှောက်ရှိ ဘီအိုစီဓနရှင်ကို ‘ဘီအိုစီဓနရှင်ကုမ္ပဏီ၏ မိုက်ကြေး’ ဟူသော ခေါင်းစဉ်ဖြင့် ဝေဖန်ပိုင်းခြားပြရင်း ဓနရှင်စနစ်၏ သဘောသကန်သဘာဝ ဥပဒေကို ဖော်ထုတ်ပြသခဲ့သည်။

ဘီအိုစီကုမ္ပဏီသည် ၁၉၃၇ခုနှစ်တွင် ငွေပေါင်း ၇ ကုဋေမြတ်၍ အလုပ်သမားအတွက်ပေးရသော အခငွေမှာ ၅ သန်းသာဖြစ်ကြောင်း ဖော်ပြခဲ့ပေသည်။ ယင်းသို့ဖော်ပြရင်း မာ့က်စ်ဝါဒ အစွန်းထွက်တန်ဖိုး သဘောတရားကို အောက်ပါအတိုင်းရှင်းပြခဲ့သည်။

‘ငွေပေါင်း ၈ ကုဋေရရန်အတွက် လုပ်ကိုင်ရသော အလုပ်ချိန်အနက် အလုပ်သမားတို့သည် မိမိတို့၏ လုပ်ခ အတွက် အချိန်တာဝန် မည်၍မည်မျှ လုပ်ကြရသည်ကိုတွက်ကြည့်သော် အလုပ်သမားတို့၏ ဝေပုံစုသည် ၁၆ ပုံမှ ၁ ပုံသာဖြစ်၏။ အချိန်နာရီအရ ခွဲစိတ်လိုက်လျှင် အလုပ်သမားတို့သည် တနေ့လျှင် ၈ နာရီ လုပ်ရသည့် အနက် ၇ နာရီခွဲသည်ကား ဓနရှင်တို့၏ အနိုင်အထက်မိုက်ကြေးခွဲ၍ အမြတ်ရရန်ခိုင်းသော အချိန်ဖြစ်သည်။ မိမိတို့အတွက် ကား နာရီဝက်သာ လုပ်ရ၏’

ယင်းကဲ့သို့ ဘီအိုစီက အမြတ်ထုတ်ယူသလို အခြားသော နယ်ချဲ့ဓနရှင်ကုမ္ပဏီများက အမြတ်ထုတ် ယူနေကြသော ကြောင့် မြန်မာပြည်သူလူထု ဒုက္ခဆင်းရဲခံရပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလေသည်။

‘ဗမာပြည်သို့ ပြန်လမ်းမရှိသော ထွက်ကုန်များ’ ဆိုသော ခေါင်းစဉ်ဖြင့် နယ်ချဲ့စနစ်သည် အမြတ်အဖြစ်ဖြင့် မြန်မာ့ ထွက်ကုန်တွေယူသွားပုံကို ဖော်ပြ၏။ နယ်ချဲ့စနစ်ကြောင့် မြန်မာပြည် ရေလွှမ်းဘေးဆိုက်ပုံ၊ ငှက်ဖျားထူထပ်လာ ပုံ၊ ဆင်းရဲသားတို့ လုံးပါးပါးပုံ၊ မိန်းမတယောက်ကို ဆန်တတင်းဖြင့် ဝယ်နိုင်ပုံ၊ ပန်းဦးဆက်ခေတ်ကြီး ပြန်ဆိုက် လာပုံ၊ ပါးစပ်တွင် ခြင်း အစွပ်ခံရသော ကျွဲနွားများနှင့် တူလာပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသည်။

‘ဓနရှင်စနစ် တည်တံ့နေသမျှကာလပတ်လုံး အဆွေတို့ ငါတို့ ပါဏုပေတံ မွဲဇာတာမလှန်နိုင်အောင် ကျွန်ဘဝအောက် သဘောက်ဘဝ၌ ရောက်ရှိနေကြပေတော့၏’ (စာမျက်နှာ -၁၇)

၎င်းနောက် ဆန်စပါးကို စတီးဘူလိမ်ဂျာပူးလ် စသော ဓနရှင် များက လက်ဝါးကြီးအုပ်ပုံ၊ ချစ်တီးများအား ၄င်းတို့ကခေါ်ခဲ့ပြီး ငွေချေးပုံ၊ မြန်မာတောင်သူလယ်သမားတွေ မြေမဲ့ယာမဲ့ဖြစ်ပုံ၊ မြန်မာပြည်ရှိ ဘဏ် တိုက်ကြီး များကို နယ်ချဲ့ဓနရှင်တို့က အုပ်ထားပုံ စသည်များဖော်ပြပြီး ‘မြေရှင်နှင့် ဓနရှင်တို့ပင်း၍ ညှဉ်းပုံ’ ကိုရေးသား လေသည်။

နယ်ချဲ့ဓနရှင်နှင့် မြေရှင်တို့၏ ပယောဂကြောင့် လူ့ဘောင် လူတန်းစားများ အခြေအနေမညီမျှပုံကို အောက်ပါအတိုင်း ဖော်ပြလေသည်။

‘နိုင်ငံချဲ့သမားတို့၏ လက်ပါးစေကျွန်ယုံအပေါင်းတို့တွင် သင်းကျစ်ဦးခိုင် မဏ္ဍိုင်ဥက္ကဋ္ဌဖြစ်သော ဘုရင်ခံကြီးသည် မိမိတကိုယ်ရေတကာယတည်း နေထိုင်ရန်အတွက် စတုရန်းပေပေါင်းတသိန်းခန့် ကျယ်သည့် ဝင်းခြံကြီးအတွင်း … မန်နေဂျာ၊ ဒါရိုက်တာများ ပေပေါင်းငါးသောင်းခန့်ကျယ်ဝန်းသော ခြံဝန်းကြီးများဖြင့် သိုက်မြိုက်တင့်တယ်စွာ နေထိုင်ခွင့်ရှိကြ၏။

ဆင်းရဲသားတို့မှာကား ခြေသလုံးအိမ်တိုင်ကိုယ်ပိုင် ပစ္စည်းဟူ၍ ရွေးစေ့ခန့်မျှမရှိကြသဖြင့် လမ်းကြိုလမ်းကြား တိုက်ကြိုတိုက်ကြားတို့တွင် ပုလိပ်ပတ်တရောင်တို့ကို တိမ်းရှောင်၍နေရသူက နေရ၏။ လခဖြင့် ငှား နေပြန်ပါကလည်း စတုရန်းပေပေါင်း ၃ဝဝ ခန့် ကျယ်ဝန်းသော အခန်းကျဉ်းကလေးများတွင် ၅ဝ ခန့်သော အလုပ်သမားတို့ ပြွတ်သိပ် တင်းကြမ်း။ ညအခါတွင် တပိုတပါး သွားချင်ပါသော်လည်း သွားလမ်းမရှိ။ အိပ် နေသူကို တက်နင်းမိမည်စိုးရသဖြင့် မလွယ်အပ်သော အန္တရာယ်ကိုပင် အနိုင်နိုင်အောင့်ကာ လွယ်၍ထား ရသူကားထားရ၏”(စာမျက်နှာ-၂၃)

တောင်သူလယ်သမားနှင့် အလုပ်သမား ဆင်းရဲသားလူထုကြီးအကြောင်း ရေးခြယ်ပြပြီးနောက် လူလတ်တန်းစား အလွှာအမျိုးမျိုးတို့၏ ဒုက္ခဆင်းရဲကိုလည်း ရေးခြယ်ပြသည်။ ထို့နောက် ၄င်းတို့၏ကံကြမ္မာသည် ဆင်းရဲသား တို့၏ကံကြမ္မာနှင့် ဆက်စပ်နေပုံကို ရှင်းပြသည်။

“ဘာကြောင့် စစ်ကူပေးရမည်နည်း”ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း နှိုးဆော်ထား၏။

“ထို့ကြောင့် စာရေးစာချီ၊ ကုန်သည်ပွဲစား၊ရှေ့နေ ရှေ့ရပ်များနှင့် ဈေးဆိုင်ကနား ခေါင်းရွက်ဗျက်ထိုး ထမ်းပိုးထမ်း လျှောက်မှုဖြင့် ရောင်းဝယ်ဖောက်ကားကာ အသက်မွေးကြသူများသည် အလုပ်သမားဆင်းရဲသားများနှင့် စီးပွားရေးတွင် ကြောင်းကျိုးဆက်စပ် ထပ်တူ ထပ်မျှဖြစ်၏ … ။

ဆင်းရဲသားများ အရေးသည် ငါတို့အရေး၊ ဆင်း ရဲသားများ တိုက်ပွဲသည် ငါတို့တိုက်ပွဲဟု စွဲမှတ်အပ်ပေသည်” (စာမျက်နှာ-၂၈)

ကျောင်းသားများကလည်း ယင်းတိုက်ပွဲတွင်ပါဝင်ရန် တိုက်တွန်းသည်။ ဆင်းရဲသားလူထုနှင့် ကျောင်း သား ကံတူအကျိုးပေးဟု ဆိုသည်။ ၄င်းနောက် တပ်ပေါင်းစုသဘောကို အောက်ပါအတိုင်း ရေးသားထား၏။

“တပ်ဦးမှနေ၍ နိုင်ငံချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်နေသော ဆင်းရဲသားတို့ကို ကျောင်းသားများက တပ်တောင်တာ ဗိုလ်ထုနှင့် တသံတည်း ရဲဘော်စုရုံမိစေပြီးလျှင် စစ်ကူပေးခြင်း၊ အကြံဉာဏ်ပေးခြင်း … ၊ တပ်ပေါင်း၍ တိုက်ရ တော့မည်ကား မလွှဲသာသော မဟာဝတ္တရားကြီး ဖြစ်သတည်း။ ” (စာမျက်နှာ-၄၆)

အထက်ပါ ကောက်နုတ်ချက်တွင် စာရေးသူသည် ဆင်းရဲသား၊ အလုပ်သမားအား တပ်ဦးမှ နေရာပေးထားသည်ကို သတိပြုရာသည်။

စာမျက်နှာ ၄ဝ ၌ -

“အစိုးရ၏ ပြကတေ့”ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံအစိုးရ၏ အဖြစ်သနစ်အမှန်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

“ခေတ်သစ်အစိုးရသည် ဓနရှင်စီးပွားအတွက် ဆောင်ရွက်ရန်ခန့်ထားသော အလုပ်အမှုဆောင်အဖွဲ့ မျှသာဖြစ်သည်ဟု လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ခန့်ကပင် ကားလ်မာ့က်စ်ပြောခဲ့ဘူး၏။ ထိုစကားသည် တစ်သွေမတိမ်းအောင် မှန် ကြောင်း အဆွေတို့ငါတို့ နိုင်ငံချဲ့စနစ်နှင့် စစ်ခင်းတိုင်း တွေ့ရှိရပေသည်”

“ကြီးစွာသော အလုံးအရင်းနှင့် ချီတက်တိုက်ခိုက်လာသော ပစ္စည်းမဲ့များကို သွေးရူးသွေးတမ်း ငန်းဖမ်း သကဲ့သို့ နိုင်ငံချဲ့သမားတို့က အရမ်းမဲ့လိုက်၍ နှိမ်နှင်းနေပေတော့၏။ သို့နှိမ်နှင်းခြင်းပင်လျှင် နိုင်ငံနယ်ချဲ့စနစ်ကို အမြန်ဆုံးပျက်စီးစေရန် စေ့ဆော်ခြင်းပင်ဖြစ်၏”

ဓနရှင်နယ်ချဲ့သမားတို့သည် အစိုးရ၏ နှိပ်ကွပ်ရေးအာဏာဖြင့် ပစ္စည်းမဲ့တို့၏ ချီတက်လာမှုကြီးထွားလာမှုကို ဖြိုဖျက်ရုံမက သွေးခွဲမှုဖြင့်လည်း ဖြိုဖျက်သည်။ သွေးခွဲမှုအမျိုးမျိုးအနက် လူမျိုးစုံ ပစ္စည်းမဲ့သွေးစည်းရေးကို လူမျိုးရေးဖြင့် သွေးခွဲသည်။ ၁၃ဝဝ ပြည့်နှစ်၊ ၁၉၃၈ခု ဇူလိုင်လတွင် ကုလား-ဗမာအဓိကရုဏ်းကို ဖန်တီးပေးခဲ့သည်။ ယင်း အဓိကရုဏ်းနှင့်ပတ်သတ်၍ သခင်ဖိုးလှကြီးက -

“လူမျိုးရေး အဓိကရုဏ်းကိစ္စသည် နိုင်ငံချဲ့စနစ် အဆိပ်ဖြေဆေးကြီးတည်း”ဟု ဆို၏။ “ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ပွားခဲ့သည့်နေ့မှစ၍ အဆွေတို့ ငါတို့ လုံးဝလွတ်လပ်ရေးလုပ်ငန်းကြီး၏ အစိတ်အပိုင်းဖြစ်သော ရေနံမြေသပိတ် အရေးတော်ပုံကြီး မထင်မရှားသောအဖြစ်မှ မှေးမှိန်သောအဖြစ်သို့ ရောက်ရှိခဲ့လေပြီ” (စာမျက်နှာ-၃၇)

မြန်မာပြည်သို့ ကုလားများ ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်သူ့အကျိုးငှာ ရောက်လာခဲ့ရပုံကို ရှင်းပြ၏။

“လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က နိုင်ငံချဲ့သမားတို့သည် ငွေသန်းပေါင်းများစွာ အကုန်အကျခံ၍ အိန္ဒိယပြည်တွင် ဆင်းရဲနွမ်းပါးသော ကုလားလူမျိုးတို့ကို ဗမာပြည်သို့လာရောက်ရန် ခရီးစရိတ်နှင့် စားစရိတ်ပါ ကြိုတင်ပေး၍ခေါ် ၏။ ထိုအခါ ဓနရှင်တို့ လက်ငင်းကြံရွယ်ချက်သည် အလုပ်သမားတို့ကို လခပေါပေါပေး၍ စေခိုင်းရန်ဖြစ်၏။” “လူဝင်ရေး ဥပဒေတည်းဟူသောအစေ့ကို ဓနရှင်တို့ စိုက်ပျိုးခဲ့သဖြင့် အမြတ်အစွန်း မြောက်များစွာရရှိခြင်း၊ သွေးခွဲမှုဖြင့် နိုင်ငံရေးအရ လွယ်ကူစွာ အုပ်ချုပ်နိုင်ခြင်းတည်းဟူသော အသီးအပွင့်တို့ကို ဓနရှင်တို့ သုံးစွဲခံစားကြ ကုန်၏”

ယင်းကဲ့သို့ လူမျိုးရေးအဓိကရုဏ်း၏ သရုပ်ဇာစ်မြစ်ကိုဖော်ပြပြီးသော် အဓိကရုဏ်းကိုရှောင်ကြဉ်ရန် တိုက်တွန်း၏။

“အဆွေတို့ ငါတို့သည် ကျွန်ကျွန်ချင်း ခွက်စောင်းခုတ်၍ ဘာမျှဂုဏ်လည်းမရှိ၊ အရေးလည်း မရောက်၊ ဗမာ-ကုလား အဓိကရုဏ်းဖြစ်မှုကြောင့် အဆွေတို့၊ ငါတို့လွတ်လပ်ရေး ဝေးသထက်ဝေးလေပြီ။ ဘာသာရေး၊ လူမျိုးရေးဝင်နှောက် သဖြင့် ဆင်းရဲသား အရေးကွယ်ပျောက်ရသည်ကို အဆွေတို့ ငါတို့ နှလုံးပိုက်မိသင့်လေပြီ” (စာမျက်နှာ-၃၉)

“လူတမျိုးနှင့်တမျိုး မသင့်မတင့်ဖြစ်အောင်၊ တဘာသာနှင့်တဘာသာ ခိုက်ရန်ဖြစ်ပွားလေအောင်၊ တိုင်းပြည်နိုင်ငံ နယ်နမိတ်တို့ကို ခွဲခြမ်းကာ လူတို့၏စိတ်တွင် သွေးကွဲမှုဖြစ်အောင် စီမံဖန်တီးနေသော ကလိမ်ချုံ နယ်ချဲ့စနစ်ကြီး ကွယ်ပျောက်မှသာ အဆွေတို့ ငါတို့ သင့်တင့်ငြိမ်းချမ်းစွာ နေနိုင်ကြပေလိမ့်မည်”

ဤကဲ့သို့ လူမျိုးစုညီညွတ်ရေး၊ ကမ္ဘာ့အလုပ်သမားအားလုံး ညီညွတ်ရေးတရားဟောပြီးသော် -

“ယခုအခါ ဗမာတပြည်လုံးတွင် အနှံ့အပြားဖြစ်ပွားနေသော အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသား လူများစု လူထုကြီး၏ သပိတ်အရေးတော်ပုံကြီးသည် နေ့ရက်မခြားကြီးထွားလာသည်ကို အဆွေတို့၊ ငါတို့ သတိချပ်ကြရပေ လိမ့်မည်။ ခေတ်သစ်ပြောင်းက ခေတ်ဟောင်းသေဆိုသကဲ့သို့ သက်တမ်းစေ့ပြီဖြစ်သော နိုင်ငံချဲ့စနစ်ကြီးသည် ရုပ်၊ နာမ်၊ ခန္ဓာ သင်္ခါရတရားအရ ဌီတွင်မတန်ဘင်သို့ပင် ဆက်ခံ၍ နောင်လာမည့် ရာဇဝင်တွင် အက္ခရာတင်လောက်အောင် ခွန်အားကြီးမား တန်ခိုးထွားနေသည့် ဆင်းရဲသား ခေတ်ကြီးကို နေရာပေးရတော့မည်ကား-မချွတ်တည်း” (စာမျက် နှာ-၇ဝ)

ဤကဲ့သို့ ယုံကြည်ချက်ကိုဖော်ပြပြီး သခင်ဘိုးလှကြီးသည် ဆောင်ပုဒ်သုံးရပ်ဖြင့် အဆုံးသတ်လိုက်၏။

ဓနရှင်စနစ် ဖျက်ဆီးလော့။
သပိတ် သပိတ် မှောက် မှောက်။
အုပ်ချုပ်ရေးအသစ် ဖျက်ဆီးလော့။

မာ့က်စ်ဝါဒနှင့် အလုပ်သမားတိုက်ပွဲ ပထမဆုံး ဆက်စပ်ရာဖြစ်သော ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံကား ၁၅ နှစ် ပြည့်မြောက်လေပြီ။ မြန်မာ့တော်လှန်ရေးကို မာ့က်စ်ဝါဒဦးဆောင်မှုရရန် လုံးပမ်းအားထုတ်ခြင်းမှာ ၁၅ နှစ်ပြည့် လေပြီ။ ၁၅ နှစ်အတွင်း တိုက်ပွဲအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ သင်ခန်းစာအမျိုးမျိုးဖြင့် သွန်းလုပ်အပ်သော မာ့က်စ်ဝါဒ ခေါင်းဆောင်မှုသည် ရင့်ကျက်ရန် အချိန်တော်လေပြီ။


သိန်းဖေမြင့်
၂၄၊ ဇွန်၊ ၁၉၅၃
အိုးဝေမဂ္ဂဇင်း- အတွဲ ၁ အမှတ် ၆

သခင်ဖိုးလှကြီးဂျာနယ်
ဇွန်လ ၂၀၀၁ ခုနှစ်

အလုပ်သမားလက်မှတ် စတင်လုပ်ဆောင်ပြီ

| comments

Flyer for Migrants Rev 5 June 2011 Bur by CBOs REV2

ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲ ကို မဲဆောက်တွင် ကျင်းပ

| comments





၁၃၇၂ ခုနှစ် အတာနှစ်သစ်ကူး ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲ ကို မဲဆောက်ရောက် ရခိုင်သူ/သား အလုပ်သမားများစုပေါင်း၍ 17/4/2011 နှစ်ဆန်း(၁)ရက်နေ့  နေ့ လည်(၁)နာရီမှ (၅)နာရီထိ ရူဂျီရာဟိုတယ်၌ ရခိုင်အမျိုးသားသက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ပြီး ၀တ္ထုပစ္စည်းများကပ်လှူကြသည်။

၂၂၆ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့  ပြုလုပ်

| comments
















(31 Dec 2010)

၂၂၆ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့  ၀မ်းနည်းအောက်မိဖွယ်အခမ်းအနားတရပ်ကို ၃၁ ဒီဇင်ဘာလ ၂၀၁၀ နေ့ က မဲဆောက်မြို့ ရွှေသဇင်ကျောင်းတွင်ပြုလုပ်ခဲ့ပါသည်။ ရခိုင်နိုင်ငံသည် အချုပ်အခြာအာဏာပိုင်အနေဖြင့် နှစ်ပေါင်း(၅၀၀၀)ကျော်ကြာ တည်တံ့ခိုင်မြဲခဲ့ပြီး
၁၇၈၄ - ခု ဒီဇင်ဘာလ(၃၁)ရက်နေ့ တွင် ဗမာပဒေသရာဇ် နယ်ချဲ့ များက မတရားကျူးကျော်သိမ်းပိုက်မှုကြောင့် ဗမာပဒေသရာဇ် နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပါသည်။ ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ သည် ရခိုင်တမျိုးသားလုံး၏ ၀မ်းနည်းကြေကွဲဖွယ်ရာဖြစ်သော ကျွှန်ဘ၀ကို ကျရောက်ခဲ့သည်မှာ ၂၂၆ နှစ်ပင် ပြည့်ခဲ့ပြီဖြစ်ပါသည်။ ထို့ အတွက်ကြောင့် ဤအခမ်းအနားကျင်းပရခြင်းမှာ

ပြည်ပရောက်ရခိုင်သူ/သားများရခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးနိန့် အကြောင်းသိရှိစေရေန်။
ရခိုင်တမျိုးသားလုံး မျိုးချစ်စိတ်ဓါတ်နိုးကြားပြီး အမျိုးသားရေးကို ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်။
ရခိုင်တမျိုးသားလုံး အချင်းချင်းပိုမိုစည်းလုံးညီညွတ်မှုရရှိရန်။
ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်။ ဖြစ်ပါသည်။ အခမ်းအနားကို မဲဆောက်ရောက် ရခိုင်သူ/သားများ 160 ခန့် တက်ရောက်ကြပြီး ရခိုင်သမိုင်းကြောင်းများနှင့် လက်ရှိအခြေအနေရခိုင်ဘ၀များအကြောင်းကို ဟောပြောကြပါသည်။

ညနေပိုင်းတွင် ကိုထက်ခေါင် မှ ဦးဆောင်ပြီး ရခိုင်အလုပ်သမားများတွေ့ ဆုံဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးချက်များမှာ မဲဆောက်ရောက် ရခိုင်အလုပ်သမားအခြေအနေများ ။ အလုပ်သမားအခွင့်အရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကာ Arakan Labour Network တခုကို ကျစ်လစ်ခိုင်စွာလုပ်ဆောင်သွားနိုင်ရန်လည်း အဓိကထားဆွေးနွေးခဲ့ကြပါသည်။

Arakan Labour Network ရခိုင်အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့  တွင် ပါဝင်သောအဖွဲ့ များမှာ
ALC - Arakan Labour Campaign
VOF- Ven Ottama Foundation
AWU - Arakan Worker Union
RWU - Rakhine Women Union (Mae Sot branch)
အလုပ်သမားခေါင်းဆောင်များ
ကျောင်းဆရာများ ဖြစ်သည်။

ကိုထက်ခေါင်
(၂၂၆) နှစ်မြောက် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနိန့် ဝမ်းနည်းအောက်မိဖွယ်အခမ်းအနား ကျင်းပရေးကော်မတီ
မဲဆေက်မြို့ ၊ ထိုင်းနိုင်ငံ
ဆက်သွယ်ရန် 0845937048
[.

ဒီဒီစက်ချုပ်ရုံ ၌ အလုပ်သမားအား ရိုက်နှက် ညဉ်းပန်းနှိပ်စက်

| comments








ဒီဒီစက်ချုပ်ရုံ ၌ ရိုက်နှက် ညဉ်းပန်းနှိပ်စက်မှုနဲ့  အတင်းအဓမ္မခိုင်းစေခြင်းခံနေရသော မြန်မာရွှေ့ ပြောင်းအလုပ်သမားများ

3/10/2010 နေ့ က ညဥ့် 1 နာရီ ခွဲ တွင် ဒီဒီ စက်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ရခိုင်အလုပ်သမားများနှင့် မြန်မာအလုပ်သမားများအပေါ်တွင် မန်နေဂျာဖြစ်သူ ဘိုအောင်တင် (ခေါ်) စကင်း ဆိုသူသည် ခြိမ်းခြောက်ပြီး ညီညီစံ (27)အား မတရားအနိုင်ကျင့်ရိုက် နှက်ခဲ့ပါသည်။ ထို့အပြင် လုပ်အားခ လစာမပေးသည့်အပြင် အဆောင်အတွင်း သောခက်ကာ ပိတ်လှောင်ထားမှုကြောင့် ကြောက် လန့် ငိုယိုပြီး ALC အဖွဲ့ ရုံး တာဝန်ရှိသူများထံသို့  အကူအညီတောင်းခံရမှ ပုလိပ်အကူအညီနဲ့  သွားရောက် ကူညီဖြေရှင်းရာ အခြားသော အလုပ်သမားများမှာ အလားတူ ခံနေရသောကြောင့် အလုပ်မှထွက်ခွင့်ရရန် တောင်ပန်းစွာ တိုင်တန်းသောကြောင့် အလုပ်ထွက်ခွင့်ရရန်နှင့် ၄င်းတို့ ၏ လုပ်အားခများကိုပါရရှိရန် ကူညီပေးခဲ့ရာ သူဌေးမှ 10/10/2010 နေ့ လုပ်အားခ ငွေရှင်းပေးမည်ဟု ကတိပေးခဲ့သည်။ နစ်နာသူ ညီညီစံ အတွက် လျော်ကြေးကို ဥပဒေလမ်းကြောင်းအရ ကူညီဆောင်ရွက်သွားရန်ရှိပြီး လောလောဆယ် ALC ရုံးတွင် ကူညီစောင့်ရှောက်ထားလျှက်ရှိပါသည်။ စုစုပေါင်းအလုပ်သမားမှာ (26)ဦးဖြစ်ပြီး ကျား( 6 ) မ( 20 ) ဦးဖြစ်သည်။

အာရှနေ၀န်း အသျှင် ဥတ္တမ နေ့ အခမ်းအနား မဲဆောက်တွင်ကျင်းပ

| comments





9/9/2010 နေ့ က ကျရောက်သော 71 နှစ်မြောက် အာရှနေ၀န်း အသျှင်ဥတ္တမ နေ့ အခမ်းအနား တရပ်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် ရခိုင်တိုင်းရင်းသားများစုပေါင်း၍ ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့  ရခိုင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများက ဆရာတော် သမိုင်းနှင့် ကျေးဇူးကြီးမားမှုများကို တက်ရောက်လာသူလူငယ်များအား လက်ဆင့်ကမ်းပြောပြကြသည်။
" အခမ်းအနားကျင်းပရေးကော်မတီ တဦးဖြစ်တဲ့ ဦးဆောင်ကော်မတီဝင် ကိုထက်ခေါင်မှ ဆရာတော် ဟာ အင်္ဂလိပ်နယ်ချဲ့ အစိုးရကို သတ္တိရှိရှိမောင်းထုတ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ဒီမိုကရေစီ၊ လူ့ အခွင့်အရေးထွန်းကားရေး တရားများကို ပထမဆုံးစတင်ပြီး နိုင်ငံရေးတရားများ ဟောကြားခဲ့တယ်။ ဒါဟာ လူမျိုးတမျိုးကို အခြေခံပြီးလုပ်တာမဟုတ်ဘူး တနိုင်ငံလုံးအတွက် နောက်ပြီး အာရှအတွက်ပါ သူ၏ အတတ်ပညာနှင့် အသိတရားတွေကို ဟောပြောခဲ့တယ်။ သူဟာပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်တယ် အဲဒါကြောင့် သူ၏ ကျေးဇူးတရားများကို မမေ့မလျော့နဲ့ ဂုဏ်ပြုကျင်းပရတာဖြစ်တယ်။ မြန်မာပြည်မှာက အစိုးရကဒါတွေကို ပိတ်ပင်ထားတယ် သမိုင်းတွေကို ဖျောက်ဖျက်နေတယ်။" ဟုပြောပါတယ်။
အာရှနေ၀န်း အသျှင် ဥတ္တမ နေ့ အခမ်းအနားသို့  ရခိုင်အလုပ်သမားများနှင့်အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ အခြားသောတိုင်းရင်းသားများအပါအ၀င် လူဦးရေ (80)ခန့် တက်ရောက်ခဲ့ပါတယ်။

ALC မှ အလုပ်သမားအခွင့်အရေး သင်တန်းပြုလုပ်

| comments


ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ”(ALC) မှ အလုပ်သမားအခွင့်အရေးသင်တန်းကို 4/8/2010 ဗုဒ္ဓဟူးနေ့ က ဆွေးနွေးပို့ ချခဲ့သည်။ ယင်းသင်တန်းတွင် စက်ရုံ၊ အလုပ်ရုံနှင့် ရပ်ကွက်များတွင် နေထိုင်ပြီး ဆောက်လုပ်ရေး၊ ပန်းရံနှင့် မှီခိုများဖြစ်ကြသော အလုပ်သမားများအား ဆွေးနွေးပို့ ချခြင်းဖြစ်ပြီး သင်တန်းဆရာအဖြစ် ရခိုအလုပ်သမားလှုပ်ရှားမှုအဖွဲ့  တာဝန်ခံ ကိုထက်ခေါင် နှင့် ပန်းကံ့ကော်အလုပ်သမားအဖွဲ့  တာဝန်ခံ ကိုစိုင်းအောင်တို့ မှ အလုပ်သမားကြုံတွေ့ နေရသော လုပ်ငန်းခွင်အတွင်းနှင့် ရပ်ကွက်ကျေးရွာအတွင်း ပြဿနာများအား ဖေါ်ထုတ်ကာ ထိုင်းနိုင်ငံ၌ ပြဌာန်းထားသော အလုပ်သမားဥပဒေ အကြောင်းအရာများနှင့် လူအခွင့်အရေးများကို ဆက်စပ်ကာ အသေးစိတ်ဆွေးနွေးပို့ ချခဲ့သည်။

ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ (ALC)သည် ထိုင်းနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုများကို ဖေါ်ထုတ်ပြီး အလုပ်သမားများအတွက် ရသင့်ရထိုက်သော ဥပဒေကြောင်းရ အခွင့်အရေးများကို ရရှိခံစားနိုင်ရန်အတွက် ပညာပေးဟောပြောပွဲ၊ ဆွေးနွေးပွဲနှင့် လူ့ အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး သင်တန်းများကို မကြခဏပြုလုပ်ပေးနေပြီး အလုပ်သမားပြဿနာများကို ကူညီပေးခြင်းနှင့် လုပ်အားခ၊ နစ်နာကြေး၊ လျှော်ကြေးများကို အဓိက တောင်းဆိုတိုက်ပွဲဝင်ပေးနေသော အဖွဲ့ အစည်းတခုဖြစ်သည်။

ESCR and Thai Labour Law Training on 11 May 2010

| comments


၁၁၊ ၅၊၂၀၁၀ နေ့ က ESCR and Thai Labour Law တရက်တာ အသိပညာပေးသင်တန်းတခုကို မဲဆောက်တွင်ပန်းကံ့ကော်အလုပ်သမားအဖွဲ့ နှင့် ရခိုင်အလုပ်သမားလှုပ်ရှာမှုအဖွဲ့ မှပူးပေါင်း၍ ပြုလုပ်ခဲ့ပါတယ်။ ၄င်းသင်တန်းအတွက် FED မှပံ့ပိုးကူညီပေးသည်။

120 th May Day

| comments

မေလ ၁ ရက် ၂၀၁၀ နေ့ တွင် ALC ပါဝင်သော မြန်မာရွှေ့ ပြောင်းအလုပ်သမားအကျိုးဆောင်ကော်မတီ မှ ကျင်းပပြုလုပ်သော နိုင်ငံတကာအလုပ်သမားနေ့ အခမ်းအနား ကို မဲဆောက်မြို့  တောရကျောင်း တွင် ကျင်းပစဉ်။

ALC Statement for May Day

| comments

ESCR and Thai Labour Law Training on 8 April 2010

| comments


၈၊ ၄၊၂၀၁၀ နေ့ က ESCR and Thai Labour Law တရက်တာ အသိပညာပေးသင်တန်းတခုကို မဲဆောက်တွင်ပန်းကံ့ကော်အလုပ်သမားအဖွဲ့ နှင့် ရခိုင်အလုပ်သမားလှုပ်ရှာမှုအဖွဲ့ မှပူးပေါင်း၍ ပြုလုပ်ခဲ့ပါတယ်။ ၄င်းသင်တန်းအတွက် FED မှပံ့ပိုးကူညီပေးသည်။

ESCR and Thai Labour Law Training on 10 March 2010 in ALC Office.

| comments


၁၄၊ ၃၊၂၀၁၀ နေ့ က ESCR and Thai Labour Law တရက်တာ အသိပညာပေးသင်တန်းတခုကို ALC ရုံးတွင်ပန်းကံ့ကော်အလုပ်သမားအဖွဲ့ နှင့် ရခိုင်အလုပ်သမားလှုပ်ရှာမှုအဖွဲ့ မှပူးပေါင်း၍ ပြုလုပ်ခဲ့ပါတယ်။ ၄င်းသင်တန်းကို FED မှပံ့ပိုးကူညီပေးသည်။

ESCR and Thai Labour Law Training on 10 March 2010 in Mae Sot

| comments


၁၀၊ ၃၊၂၀၁၀ နေ့ က ESCR and Thai Labour Law တရက်တာ အသိပညာပေးသင်တန်းတခုကို ပန်းကံ့ကော်အလုပ်သမားအဖွဲ့ နှင့် ရခိုင်အလုပ်သမားလှုပ်ရှာမှုအဖွဲ့ မှပူးပေါင်း၍ ပြုလုပ်ခဲ့ပါတယ်။ ၄င်းသင်တန်းကို FED မှပံ့ပိုးကူညီပေးသည်။

ထိုင်းရဲလိုက်ဖမ်းသဖြင့် မြန်မာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံး

| comments

သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
မတ်လ ၉ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ယမန်နေ့ညက ထိုင်းရဲတွေ လိုက်ဖမ်းသဖြင့် မြန်မာအမျိုးသမီး ညီအစ်မ နှစ်ဦး ရေထဲဆင်းပြေးရာ ရေနစ်သေဆုံးသွားသည်။

ဖူခက်မြို့ ကမ်းခြေနေရာတခုဖြစ်သည့် ပါထောင် (Patong Beach)ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ယမန် နေ့ ည ၆ နာရီခန့်က ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက် ဖမ်းဆီးသဖြင့် အလုပ်သမားများ ထွက် ပြေးကြရာမှ အသက် ၁၂ အရွယ် ကျောင်းသူ မမြင့်မြင့်စန်းနှင့် မညိုညိုစန်း(၂၀)တို့ ရေချောင်းထဲ ဆင်းပြေးရာ နေနစ်ပြီး သေဆုံးသွား သည်ဟု မျက်မြင် မြန်မာအလုပ်သမား တဦးက ပြောသည်။

“ရေနစ်နေတာကို မြင်ပြီးတော့ ကြည့်ပြီးတော့ သွားမကူလိုက်ရဘူးဆိုတာ ဒါ ၀မ်းနည်းစရာ ပေါ့နော်။ သူတို့ရေမြုပ်တဲ့အချိန်မှာ သူတို့(ရဲ)က သေနတ်နဲ့အပေါ်ကနေ ချိန်ပြီးကြည့်နေတယ်။ ရေမြုပ် သွား ပြီးမှ သူတို့ပြန်သွားပြီးမှ ဒီကလူတွေကလိုက်ဆယ်ကြတာ။ သူ့အမေက အလုပ်ကဖုန်းထိုး(ဆက်)သွား တယ်။ ပုလိပ်ဝင်တယ်ဆိုပြီးတော့ ဖုန်းထိုးတဲ့အချိန်မှာ သူ့သမီးတွေကဖုန်းမကိုင်ဘူး။ ဖုန်း မကိုင်တော့ သူ့အမေက လိုက်လာတော့ ကလေးတွေ ပျောက်နေပြီ။ ပျောက်နေတော့ လိုက်ရှာ၊ လိုက် ရှာတော့ လူတွေကပေါ့နော် ရေထဲဆင်းတာမြင်လိုက်တယ်။ ရေထဲဆင်းတာမြင်တယ်ဆိုတော့ ရေထဲမှာ လိုက်ရှာတော့ တွေ့တယ်လေ။”

ထိုင်းရဲများပြန်သွားပြီးနောက်ပိုင်း အလုပ်သမားများက မိန်းကလေးငယ်နှစ်ဦးအားဆင်း ကယ်ရာ ရေထဲတွင် သေ ဆုံးနေသည့် ညီမအလောင်းတွေ့ပြီး မေ့မျောနေသည့် အစ်မ ဖြစ်သူ မညိုညိုစန်းကို ဆေးရုံသို့ ခေါ်ဆောင်သွား ချိန် လမ်းပေါ်တွင် သေဆုံးသွားသည်။

သေဆုံးသူ ညီအစ်မနှစ်ယောက်၏ အလောင်းကို ပါထောင်ဆေးရုံတွင် ထားရှိပြီး သက်ဆိုင် ရာ အာဏာပိုင် များက စစ်ဆေးမှုများ ပြုလုပ်သည်ဟု ဆွေးမျိုးတော်စပ် သူတဦးက ပြောသည်။

“အခုလို ဖြစ်သွားတဲ့ ကျနော်တို့ကတော့ ထွေထွေထူးထူးတော့ မသိရဘူး။ ဒီလူကြီးတွေ ဆရာဝန်တွေ ဘာတွေ စီစဉ်မှုနဲ့ပဲ ကျနော်တို့ လိုက်နာနေရတယ်။ အခုလို ဖြစ်သွားတဲ့ ကိစ္စကို အဲဒီပုလိပ်ကိုပေါ့ သူ တို့မကျေနပ်မှုနဲ့ တင်းနေတာပေါ့။ အဲဒီအနေအထားလောက်ရှိတယ်။ သေသွားတဲ့ ကိစ္စနဲ့ပတ်သက် ပြီးတော့ အဲဒီပုလိပ်ကို မကျေနပ်မှုတွေ ဖြစ်နေ တာပေါ့။”

၎င်းတို့သည် ထားဝယ်မှ လာရောက်၍ ဆောက်လုပ်ရေး အလုပ်ကို လုပ်ကိုင်ကြသူဖြစ်ပြီး တရားဝင် အလုပ် သမားလက်မှတ် ကိုင်ဆောင်ထားကြသည်ဟု အလုပ်သမားတဦးက ပြောသည်။

“ကျနော်တို့ ဒီမှာကတော့ အကုန်လုံးတော့ လာပြီး အားပေးကြတာပေါ့နော်။ ရေသန့်ဗူး တွေ ဘာ တွေ အကုန်လုံး အအေးတွေ အဖျော်ရည်တွေ အကုန်လုံး လုပ်ပေးနေကြတာပဲ။ ပန်းရံဆိုက် တဆိုက် လုံး တယောက်မှ အလုပ်မဆင်းဘူးလေ။ သူတို့မိသားစုတွေ တိုင်ပင် နေတယ်။ သူတို့ကတော့ မကျေ နပ်ဘူး ဖြစ်နေတယ်။ အကုန်လုံး ဘတ် (အလုပ်သမား လက်မှတ်) ရှိတယ်လေ။”

ကျန်ရစ်သည့် ရုပ်အလောင်းကို ကထူ့ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာ ထုံးတမ်းအရ မီးသင်္ဂြိုလ်ရာ ယင်း ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်သမား (၆၀၀) ခန့်က အလုပ်မဆင်းပဲ လိုက်လံကူညီပို့ဆောင်ပေးခဲ့သည်။

ဖူးခက်ကမ်းခြေတွင် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားအလုပ်သမားများ (၁)သိန်း ခန့်ရှိပြီး ထိုင်းလူဝင် မှုကြီးကြပ်ရေးနှင့် ထိုင်းအာဏာပိုင်ရဲများက မကြာခဏ လိုက်ခံဖမ်းဆီး သော်လည်း ရေနစ်ပြီး သေဆုံးမှု ဖြစ်ပွား ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု အလုပ် သမားများက ပြောသည်။

မတ်လ ၂ ရက်နေ့တွင် အလုပ်သမားလက်မှတ် သက်တမ်းတိုးပေးသည့် သတ်မှတ်ရက် ကုန်ဆုံးသွားသဖြင့် သက်တမ်းမတိုးသည့် အလုပ်သမား ငါးသိန်းကျော်အား ဖမ်းဆီးပြီး နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်း နိုင်ငံခြား သားအလုပ်သမား အလုပ်ခန့်ထားရေးဌာန အရာရှိက ကြေညာခဲ့သည်။

ယင်းသို့ကြေညာပြီး ရက်ပိုင်းအတွင်းတွင် ထိုင်းနိုင်ငံတ၀ှမ်းလုံးရှိ နေရာအနှံ့အပြားတွင် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများကို တင်းတင်းကြပ်ကြပ် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည်။
 
@ 2009 ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့  Contact us : alcoffice.2009@gmail.com
Published by Arakan Labour Campaign