လက်ရှိ မတရားဖမ်းချုပ်ခံနေရသော ဒေါ်ခင်စိုးပုံ
ဖေဖေါ်ဝါရီလ ၉ (ကျော်သောင်း)
ပြီးခဲ့သောအပါတ်ကလစဉ်ကြေးမပေးနိုင်သဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသောဒေါ်ခင် စိုးမှာ အကျဉ်း ထောင်မှတစ်ဆင့် ကျုံဖေါ်ရဲစခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ေ သ်ာလည်းအပြီးတိုင်လွှ တ်ပေလိုပါက ဘတ်ငွေ ၈၀၀၀ ထပ်ဆောင်းပေးဆော င်မှ ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း အ ဆိုပါထိုင်းပွဲစား မက ပြောသည်။ သားဖြစ်သူ ကိုစိုးဝင်းနိုင်က“ မနေ့ ကတည်းကလွတ်ရမှာပါ၊ ဒါပေမယ့်ပြန်မလွတ်လာဘူး၊ ဒီ န့ 
သွားကြည့်တော့ ပွဲစားမကပြောတယ် ဘတ်၈၀၀၀ ပေးရမယ်တဲ့၊ ကျနော်က ပိတ်ဆံမရှိဘူး၊ ဘတ်၄၀၀၀ ပေးမယ်လို့  တောင်းပန်ပြီးပြောတယ်၊မရဘူး၊ တောင်းသလောက်မပေးရင် ရနောင်းကိုပို့လိုက်မယ်လို့ ပြော
ပါတယ်၊ကျနော်တို့ လည်း ဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်” ဟုပြောသည်။
ထိုင်းအခြေစိုက်အဖွဲ့အစည်းအချို့ တို့ အား ဖုန်းဆက်ပြီးအကြောင်းကြားအကူအညီ တောင်းခံနေသော် လည်းမည်သည့်အဖွဲ့ အစည်းကမျှ ကူညီပေးနိုင်ခြင်းမရှိပေ။ အချုပ်ခန်းထဲမဒေါ်ခင်စိုး ကှ “ ကျမကို ရဲစခန်းမှ ပွဲစားမက လက်မှတ်ထိုးမပေးလို့  ကျမကိုလွှတ်လို့ မရလို့ ပြောပါတယ်။ ကျမသားဆီးမှာ ပိတ်ဆံ ၈၀၀၀ တောင်းတယ်ပြောတယ်၊ ဒီနေ့ ကျမ ပြန်မလွတ်ရင် နက်ဖြန်ဆိုရင် ရနောင်းကို အပို့ ခံရမှာဖြစ်ပါတယ်၊ ခုအချုပ်ခန်းထဲမှာ လူ ၂၇ ယောက်ရှိပါတယ်၊ လူ ၄၀ ပြည့်ရင် နယ်စပ် ကိုပြန်ပို့ ပါတယ်၊ကျမကို ဘယ်သူမှ မကူညီနိုင်ကြဘူးလားရှင်” ဟု အိမ်အလုပ်သမ ဒေါ်ခင်စိုးကပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့ ဝိထိနိုင် ဈေးကြီးအနီး နေထိုင်အလုပ်လုပ်ကိုင်နေ သည့် အသက် ၄၉နှစ်အရွယ် အိမ်ဖေါ်အလုပ်မ ဒေါ်ခင်စိုးအားလစဉ်ကြေးဘတ်၂၀၀ မပေး တော့သဖြင့် ပြီးခဲ့သည့် ဇန္န၀ါရီလ ၂၉ ရက်နေ့ညနေ ၇ နာရီခွဲလောက်မှာ ဆိုင်ကယ်စီးထိုင်းပုလိပ်တစ်ဦးနှင့် ဘတ်လုပ်ပေး ထားသည့် အသက် ၃၀-ကျော်အရွယ် ထိုင်းအမျိုးသမီး ဖိမိုးတို့ ရောက်ရှိလာပြီ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ သည်။ လစဉ်ကြေးမပေးတော့သဖြင့် အပြင်ဘတ် ပွဲစား ထိုင်းအမျိုးသမီးက ဖမ်းဆီးပြီးထောင်၁၀ ရက် ချလိုက်သည်။ ယခု ဒေါ်ခင်စိုးအား ဖမ်းဆီးထောင်ချလိုက်သော ထိုင်းအမျိုးသမီးသည်၊ လှေဆိပ်၊ ဘူတာရုံ၊
ကားဂိတ်နှင့် လမ်းသွားလမ်းလာ တွေ့ ရှိသမျှသော မြန်မာအလုပ်သမားများကို ဘတ်ရှိ/မရှိ စစ်ဆေး မေးမြန်းပြီး ထိုင်းရဲများကိုခေါ်ယူပြီး ဖမ်းဆီးငွေတောင်းစားသည့်အလုပ်ကိုအမြဲလုပ်ကိုင် နေသူဖြစ်ကြောင်း ကျုံဖေါ်အလုပ်သမားများက ပြောသည်။
ကားဂိတ်နှင့် လမ်းသွားလမ်းလာ တွေ့ ရှိသမျှသော မြန်မာအလုပ်သမားများကို ဘတ်ရှိ/မရှိ စစ်ဆေး မေးမြန်းပြီး ထိုင်းရဲများကိုခေါ်ယူပြီး ဖမ်းဆီးငွေတောင်းစားသည့်အလုပ်ကိ