ဘတ်ပွဲစားကမြန်မာအလုပ်သမအားဖမ်းဆီးထောင်ချ

| comments

 မြေန်မာအလုပ်သမားတွေကို ပုလိပ်နဲ့ ပေါင်းပြီး အမြဲခြိမ်းခြောက်ပြီး ငွေတောင်းနေသည့် ပွဲစားဆိုသူ
ဖေဖေါ်ဝါရီ ၂ ရက် (ကိုကျော်သောင်း)

ထိုင်းနိုင်ငံ တောင်ပိုင်း ကျုံဖေါ်မြို့ ဝိထိနိုင် ဈေးကြီးအနီး နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမဒေါ်ခင်စိုးအားလစဉ်ကြေးမပေးတော့သဖြင့်အပြင်ဘတ်ပွဲစားထိုင်းအမျိုးသမီးက ဖမ်းဆီးထောင်ချ လိုက်သည်။
 အသက် ၄၉နှစ်အရွယ် အိမ်ဖေါ်အလုပ်လုပ်နေသည့် ဒေါ်ခင်စိုးအားလစဉ်ကြေးဘတ်၂၀၀ မပေး
တော့သဖြင့်ပြီးခဲ့သည့်ဇန္န၀ါရီလ၂၉ရက်နေ့ညနေ၇နာရီခွဲလောက်မှာဆိုင်ကယ်စီးထိုင်းပုလိပ်တစ်ဦးနှင့် ဘတ်လုပ်ပေးထားသည့် အသက်သုံးဆယ်ကျော်အရွယ် ထိုင်းအမျိုးသမီး ဖိမိုး တို့ေ၇ာက်ရှိလာပြီ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ဒေါ်ခင်စိုး၏သား  ကိုစိုးဝင်းလှိုင်က“ အမေ မှာသူ့ ဆီမှာ ဘတ်လုပ် ထားတယ်။ဘတ်ဖိုးငါးထောင်၊အားလုံးအကျေပေး ပြီးသားပါ။ ဒါပေမယ့် သူလုပ်ပေးထားတဲ့လူတွေထဲက လူ၇ ယောက်လောက်က ထိုင်းစကားမပြော
တတ်ဘူး၊ ဒီလူတွေဆီက သူ တစ်လကို ဘ တ်၂၀၀ စီကောက်တယ်၊ အမေပေး လာတာ ၆လရှိပြီ
ဒီလမှာမပေးလို့ ဆိုပြီးဖမ်းတာ၊ ခေါင်းမာလို့ ဖမ်းတာလို့ ပြောတယ်။ ထောင်ဆယ်ရက်ချတယ်လို့ ပြောတယ်။ခုအမေထောင်ထဲမှာရောက်နေတာတောင် ကျနော်မနေ့ ကမှစုံစမ်းလို့ သိရတာ” ဟုပြောသည်။
  သားငယ် ၂ယောက်ရှိရာ ကျုံဖေါ်မြို့ သို့ လာရောက်အ လုပ်လုပ်ကိုင်နေသော ရခိုင်ပြ ည်နယ်
မာန်အောင်မြို နယ်၊ဇရပ်ကုန်းခင် ရွာမှမှ မုဆိုးမတစ်ဦးဖြစ်သည့်ဒေါ်ခင်စိုးမှာ ထိုင်းနိုင်ငံသို့ရောက်ရှိသည်မှာ ၂နှစ်ခန့် သာရှိသေးသည်။ မိခင်အား၂ရက်တိုင်တိုင် ရှာဖွေစုံစမ်းပြီးမှ ကျုံဖေါ်မြို့ လျန်ချံ အကျဉ်း ထောင်တွင် သွားရောက်တွေ့ ဆုံခဲ့ရသည်။ ထောင်ဝန်ထမ်းများအားမေးမြန်သည့်အခါ လာမည့်ဖေဖေါ်ဝါရီလ ၈ ရက်နေ့ တွင် ပြန်လွှတ်မည် ဟုပြောသော်လည်း မည်သည့် နေရာသို့ ပြန်လည်လွှတ်မည်ကို ရှင်းလင်းစွာ မသိရှိ ရသဖြင့် သားနှစ်ဦးက စိတ်သောကရောက်နေကြသည်။
 ကျုံဖေါ်နှင့် ပါနန်းပိတ်ဆိပ်ရှိ သောင်းချီရှိသော မြန်မာအလုပ်သမားများမှာ တရားဝင်နေထိုင် အလုပ် လုပ်ကိုင်ခွင့် ဘတ်လုပ်ထားသည့် အလုပ်သမားတစ်ယောက်အား ဘတ်လုပ်ပေးသည့်  အပြင်ဘတ်ပွဲစားက ယခုကဲ့သို့ ထိုင်းပုလိပ်များနှင့်ပူးပေါင်း၍ ထောင်သွင်း အကျဉ်းချလိုက်သည်ကို အထူးစိုးရိမ်နေကြသည်။ ယခု ဒေါ်ခင်စိုးအား ဖမ်းဆီးထောင်ချလိုက်သော ထိုင်းအမျိုးသမီးသည်၊ လှေဆိပ်၊ ဘူတာရုံ၊ ကားဂိတ်နှင့် လမ်းသွားလမ်းလာ တွေ့ ရှိသမျှသော မြန်မာအလုပ်သမားများကို ဘတ်ရှိ/မရှိ စစ်ဆေးမေးမြန်းပြီး ထိုင်းရဲများကိုခေါ်ယူပြီး ဖမ်းဆီးငွေတောင်းစားသည့်အလုပ်ကို အမြဲလုပ် ကိုင်နေသူဖြစ်ကြောင်း ကျုံဖေါ် အလုပ်သမားများက ပြောသည်။ တရားဥပဒေ၏အကာအကွယ်နှင့်အကူအညီကိုရရှိရေးအတွက် အဖွဲ့ အစည်းအချို့ က ကူညီနိုင် ရန်ပြင် ဆင်နေကြကြောင်း သိရှိရသည်။
Share this article :
 
@ 2009 ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့  Contact us : alcoffice.2009@gmail.com
Published by Arakan Labour Campaign