ALC မှ အလုပ်သမားအခွင့်အရေး သင်တန်းပြုလုပ်

| comments


ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ ”(ALC) မှ အလုပ်သမားအခွင့်အရေးသင်တန်းကို 4/8/2010 ဗုဒ္ဓဟူးနေ့ က ဆွေးနွေးပို့ ချခဲ့သည်။ ယင်းသင်တန်းတွင် စက်ရုံ၊ အလုပ်ရုံနှင့် ရပ်ကွက်များတွင် နေထိုင်ပြီး ဆောက်လုပ်ရေး၊ ပန်းရံနှင့် မှီခိုများဖြစ်ကြသော အလုပ်သမားများအား ဆွေးနွေးပို့ ချခြင်းဖြစ်ပြီး သင်တန်းဆရာအဖြစ် ရခိုအလုပ်သမားလှုပ်ရှားမှုအဖွဲ တာဝန်ခံ ကိုထက်ခေါင် နှင့် ပန်းကံ့ကော်အလုပ်သမားအဖွဲ တာဝန်ခံ ကိုစိုင်းအောင်တို့ မှ အလုပ်သမားကြုံတွေ့ နေရသော လုပ်ငန်းခွင်အတွင်းနှင့် ရပ်ကွက်ကျေးရွာအတွင်း ပြဿနာများအား ဖေါ်ထုတ်ကာ ထိုင်းနိုင်ငံ၌ ပြဌာန်းထားသော အလုပ်သမားဥပဒေ အကြောင်းအရာများနှင့် လူအခွင့်အရေးများကို ဆက်စပ်ကာ အသေးစိတ်ဆွေးနွေးပို့ ချခဲ့သည်။

ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ (ALC)သည် ထိုင်းနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုများကို ဖေါ်ထုတ်ပြီး အလုပ်သမားများအတွက် ရသင့်ရထိုက်သော ဥပဒေကြောင်းရ အခွင့်အရေးများကို ရရှိခံစားနိုင်ရန်အတွက် ပညာပေးဟောပြောပွဲ၊ ဆွေးနွေးပွဲနှင့် လူ့ အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး သင်တန်းများကို မကြခဏပြုလုပ်ပေးနေပြီး အလုပ်သမားပြဿနာများကို ကူညီပေးခြင်းနှင့် လုပ်အားခ၊ နစ်နာကြေး၊ လျှော်ကြေးများကို အဓိက တောင်းဆိုတိုက်ပွဲဝင်ပေးနေသော အဖွဲ့ အစည်းတခုဖြစ်သည်။

Share this article :
 
@ 2009 ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့  Contact us : alcoffice.2009@gmail.com
Published by Arakan Labour Campaign